Friday, February 23, 2024

ထစ်ချုန်း အလွမ်း

 

တိမ်စိုင်တွေ ကင်းမဲ့ …

အရောင် ပြယ်လွင့်တဲ့ညတွေ...၊


အရာရာဟာ လ ဖွက်ထားတဲ့ လိပ်ပြာ…။

မျက်ကန်းတစ္တေ ဖွက်ထားတဲ့... အတိတ်ဟာ၊

မျှော်လင်းခြင်း…အချို့ရဲ့ တိုက်စားမှုနဲ့အတူ

ညကို စစ်ကူ ခေါ်နေလေရဲ့...။


အငွေ့အသက်ကင်းမဲ့ .. ကောင်းကင်...

သစ်လွင်ပြယ်လွင့်နေတဲ့ ပန်းချီတစ်ချပ်အောက် …..၊


အတိတ်ရဲ့လေပြေ … ၊ စိတ်ရဲ့ တစ္ဆေတစ်ကောင်လို … 

လွမ်းဆွတ်မှုတိုင်းဟာ မိုးစက်တွေလိုပဲ ထစ်ချုန်းနေလေရဲ့  … ။



နေ


မတည်မြဲသော



အခိုးငွေ့တွေ... လိုပဲ
ရင်ထဲ...
အရာရာဟာ ... လေလွင့်ပျောက်ကွယ်
အခုတော့အတူတူ...ရှိနေသေးတယ်
"အတိတ်"ဆိုတဲ့ ..စကားရပ်တစ်ခုအဖြစ်ပေါ့ ။

နေ 

(ဘယ်အချိန်က ရေးမိမှန်းမသိသော ကဗျာတစ်ပုဒ်။)

Monday, September 13, 2021

အချစ်

 ခက်ခဲတဲ့ပုစ္ဆာ၊

ကာရန်မရှိတဲ့ကဗျာ၊

အနားသတ်မရှိတဲ့ ပင်လယ်ပြင်တစ်ခုလို

အရာရာက သူ့ရဲ့အဘိဓာန်မှာကျယ်ပြန့်လွန်းတယ်.....။ 


နေ


Monday, September 23, 2019

ငါ

ခံစားချက်တွေကို စီရင်...
ပုံသဏ္ဍန် မမှန်တဲ့
ပြဌာန်းချက် သက်သက် တွေကိုလိုက်နာ..

ဒဿန တွေကို  ကိုယ်တိုင်ချီးမွှန်း.....
အတွေးတွေကို ကိုယ်တိုင်ကိုးကွယ်၊
အိမ်မက်တွေထဲမှာပဲ လူးလွန့်ရင်း..၊ 

တိတ်တဆိတ် ...
ရှင်သန်ရာပျောက်ရှနေတဲ့..
ကပ်ပါးကောင်လို..

မွန်းကြပ်မှုတွေကို ..
လှောင်ရယ်ရင်း၊

မနက်ဖြန်တွေကို..တဖြည်းဖြည်းခြင်း... သတ်ဖြတ်နေသူ.....။

နေ
21.9.2019

Monday, September 9, 2019

ကဝေတွေကတဲ့ည..
မှန်တွေထဲမှာ ငါ့ကိုယ်ငါ ရှာမတွေ့ခဲ့ဘူး။

ကာရံတွေပျောက်ခဲ့ရ..
သံစဉ်တွေဟာရှတတနဲ့၊
လေအစုန်မှာ ... စုန်ဆန်ရင်း ဌက်တစ်ကောင်ဟာ..
အတောင်ပံတွေပျောက်ဆုံးနေလေရဲ့..။

အော်.... ညတဲ့ ...
အရာရာဟာ ....
ကိုယ့်ကိုယ် ကိုယ်ပျောက်ဆုံးခံရင်း...၊
လမင်းလေးရေ ....
မင်းနားခိုဖို့ ကောင်းကင်တစ်ခု
ဖန်ဆင်းပေးနေ လေရဲ့။ ။


နေ
၉၊ ၉၊ ၂၀၁၉

Sunday, March 16, 2014

ကျန်ရစ်ခဲ့သော

အပြုံးတွေကို အဆုံးသတ်ဖို့
 မ၀ံ့ရဲ
 ပျော်ရွှင်မှုတွေ ကို....နင်းခြေ
အရာရာကို
ဆုတ်ခြေဖြဲပြီး
ဗီလိန်တစ်ယောက်လို့ ကမ္မည်းထိုးပါစေတော့
အချစ်ကို စီးချင်းထိုးလို့
အမုန်းတွေကို ခံယူ
အရံလူအဖြစ်
နေရစ်ခဲ့သည်....။

Monday, November 8, 2010

တစ်ခါက

တစ်ချို့  ညတွေက မှောင်လွန်းတယ်
ယောင်ယမ်း တိတ်ဆိတ် မလင်းတတ် သလိုပဲ ၊
မကာချ နိုင်တဲ့ တံခါးရွက်ကြားမှာ
လေ၀င်ချက်တွေ ရှိနေခဲ့ရဲ့ 

ဇာတ်သိမ်းခန်းက ကွာဟလွန်းတယ်
ငါ့လက်တွေက တစ်စုံတစ်ရာကို ရေးဆွဲနေတုန်း ၊
မိုးစက်တွေသာ ပြာကျသွားတယ်
ငါ့ခြေလှမ်းတွေက ဇွဲကောင်းနေတုန်း

ကြိတ်မှိတ်ပိတ်ပစ်
ငါကိုယ်တိုင်ပဲ သိမ်းခဲ့တဲ့ ဇာတ်က
ငါ့အိမ်မက်တွေ ကို ခြောက်လှန့်
တစ်ခါတစ်ခါ မီးတစ်ပွင့်လို
တစ်ချက်တစ်ချက် တောက်ပြနေတုန်း ၊

ခြောက်သွေ့  နေတဲ့ နှင်းဆီပွင့်ဖတ်တွေ ရှိမယ်
မခမ်းခြောက်နိုင်တဲ့ မိုးရေစက်တွေရှိတယ်
ထုံးစံအတိုင်း တစ်ခါတစ်ခါမှ လင်းတဲ့
မီးမလာတဲ့ ညတွေကြီးရယ် ၊

ငါဖြဲပစ်ခဲ့တဲ့ အတိတ်စာမျက်နှာတွေ
အခိုးအငွေ့ အဖြစ်ပျောက်ကွယ်
ဒါတောင် စာအုပ်ထဲက အနားစတွေက
အရာရာကိုပြန်ကာလှန်ကာ
 ပြောပြနေတုန်း.....။ ။